သူရဲဥမင်ဂူ

Listing Description

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ အောင်ပန်းမြို့၊ အောင်ပန်း-ပင်းတယသွား ကားလမ်းမှ အနောက်မြောက်ဘက် ၆ မိုင်ခန့်အကွာ၊ သရဲကျေးရွာ အနောက်ဘက်တွင် တည်ရှိသည်။ ဒေသခံများက သူရဲဥမင်ဂူကို နောင်တော်ဂူဟုခေါ်ပြီး ပင်းတယရွှေဥမင်ဂူကို နှမတော်ဂူဟု ခေါ်ဆိုကြသည်။ သူရဲဥမင်ဂူသည် ရှေးဟောင်းသဘာဝ ထုံးကျောက်ဂူဖြစ်ပြီး ဂူပေါက်ဝနှင် ဂူအတွင်းပိုင်းတွင် ရှေးလက်ရာ ဗုဒ္ဓဆင်းတုတော်များကို ဖူးမြင်နိုင်ပြီး ဂူအတွင်းပိုင်းရှိ သဘာဝကျောက်စက်ပန်းဆွဲများကိုလည်း စိတ်ဝင်စားဖွယ် တွေ့မြင်နိုင်ပါသည်။ နှစ်စဉ် တပေါင်းလပြည့်နေ့တွင် တပေါင်းပွဲတော်ကို စည်ကားစွာ ကျင်းပပါသည်။