သူဌေးကျွန်း

Listing Description

သူဌေးကျွန်းသည် မြန်မာနိုင်ငံတောင်ဘက်စွန်း ကော့သောင်းမြို့နှင့် ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့တို့အနီးတွင် တည်ရှိသည့် ကျွန်းငယ်တစ်ခုဖြစ်သည်။ ကျွန်းပေါ်တွင် နိုင်ငံတကာ Grand Adaman Hotel အမည်ရ ကြယ်ငါးပွင့်အဆင့်ရှိသည့် ဟိုတယ်ရှိပါသည်။  သူဌေးကျွန်းသည် ဧက ၁၈၀၀ (၇၃၀ ဟက်တာ) ကျယ်ဝန်းပြီး ကမ္ဘာ့ကာစီနိုလမ်းညွှန်အဖွဲ့၏ ခွင့်ပြုချက်ရ သူဌေးကျွန်းရှိ ကာစီနိုလောင်းကစားဝိုင်းသို့ နိုင်ငံခြားသားများ အမြဲမပြတ်လာရောက်‌ကစားသော ထင်ရှားကျော်ကြားသည့် နေရာလည်းဖြစ်ပါသည်။