သင့်လူ

Listing Description

ဆရာဝန်နှင့် စာရေးဆရာ သင့်လူကို ၁၉၇၃ ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် ဒေါက်တာကျော်ဦး၊ ဒေါ်မြသိန်းတို့က ပဲခူးမြို့၌ မွေးဖွားသည်။ အမည်ရင်းမှာ သန့်စင်ထူး ဖြစ်သည်။ မွေးချင်း ၂ ဦးရှိပြီး သားကြီးဖြစ်သည်။

၁၉၈၉ ခုနှစ်တွင် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ ပဲခူးမြို့ (ယခင် အမျိုးသားတန်းမြင့်ကျောင်း) မှ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည်။ ၁၉၉၃ ခုတွင် ဆေးတက္ကသိုလ်၊ မန္တလေးသို့ တက်ရောက်ခဲ့ပြီး ၂၀၀၀ ပြည့်တွင် ဆေးပညာဘွဲ့ (MBBS) ရခဲ့သည်။ ၂၀၀၅ ခုတွင် ထိုင်းနိုင်ငံ ချူလာလောင်ကွန်းတက္ကသိုလ်မှ ကျန်းမာရေးဘောဂဗေဒ Health Economics ဖြင့် မဟာသိပ္ပံဘွဲ့ ရခဲ့သည်။

ဆေးတက္ကသိုလ်၊ မန္တလေးတွင် ကထိကရာထူးအထိ ထမ်းဆောင်ကာ ၂၀၁၃ ခုတွင် ကျန်းမာရေးစီမံကိန်း ဦးစီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနသို့ ပြောင်းရွှေ့ကာ လက်ရှိတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတွင် လက်ထောက်အမြဲတမ်းအတွင်းဝန် ရာထူး၌ တာဝန်ထမ်းဆောင်လျက်ရှိသည်။

ဂေဘရီယယ် ဂါဆီယာ မားကွိဇ်၏ One Hundred Years of Solitude စာအုပ်အား ဘာသာပြန်ကာ စာပေလောကသို့ ဝင်ရောက်သည်။

ရေးသားသောစာအုပ်များ

၁  ဝေးလွင့်ကင်းကွာ နှစ်တစ်ရာ 

၂  ကြောင်ကို ချူဆွဲကြသူများ

၃  ပြစ်မှုတစ်ခု ဖွားမြင်ခြင်း 

၄  ပိုင့်ဘဝလမ်း

၅  အိုဘယ့် အစိမ်းတို့မြေ

၆  ခေတ်ပြိုင်ကမ္ဘာ အထင်ကရပုဂ္ဂိုလ် ၁၀၀   

၇  လေလွင့်ကြောင် 

၈  ဘော့ပ် ချစ်တဲ့ကမ္ဘာ

၉  နှစ်ခေတ်တစ်ယောက် 

၁၀  ရာမ

၁၁  မိစ္ဆာမြူးချိန် 

၁၂  တေးဆိုငှက်ဒဏ္ဍာရီ 

၁၃  မိစ္ဆာ 

၁၄  ဗိုလ်မှူးကြီးထံ စာရေးမည့်သူ မရှိပါနှင့် ဝတ္ထုတိုများ 

၁၅  သက်တော်ရာကျော် ထပ်ကာ ရှည်စေသော်ဝ် 

၁၆  သက်တော်ရာကျော် ရှည်စေသော်ဝ် 

၁၇  ကျားဖြူ 

၁၈  ခွေးသေတစ်ခု အရင်းပြု 

၁၉  ကပ်တွင်းက ချစ်ခြင်း 

၂၀  ကယ်တင်ရှင် 

၂၁  နားစွင့် ကြားဟန် ရင်ခုန်သံ

၂၂  နူးညံ့စိတ်ထားနှလုံးသား 

၂၃  အကျဉ်းစံနှလုံးသား 

၂၄  လူရွေးပွဲ 

၂၅  စူး 

၂၆  သားသတ်လွတ်သမ 

၂၇  အတ္တလန်တစ် ရှာပုံတော် 

၂၈  ကျင်းပေါက်များ 

၂၉  ပညာဆိုတာ ဒီလိုရှာ