သီတဂူဗုဒ္ဓတက္ကသိုလ် (ကျွန်းလှ)

Listing Description

သီတဂူဗုဒ္ဓတက္ကသိုလ်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့တွင် တည်ရှိပါသည်။ သီတဂူဗုဒ္ဓတက္ကသိုလ်(ကျွန်းလှ)ကို ၂၀၁၆ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်၌ မြေဧရိယာ ၃၀ ဒသမ ၀၇ ဧကပေါ်တွင် စတင်တည်ဆောက်ခဲ့ပါသည်။ ကျွန်းလှသီတဂူဗုဒ္ဓတက္ကသိုလ်တွင် ပေ (၂၈၀ x ၂၀၀) ကျယ်ဝန်းသည့် ဘွဲ့နှင်းသဘင် ခန်းမဆောင်ပါ သုံးထပ်အဆောက်အအုံတစ်လုံး၊ ပေ (၆၀ x ၈၀) ကျယ်ဝန်းသည့် နှစ်ထပ်စာသင်ဆောင်၊ နှစ်ထပ်ကျောင်းဆောင် ၁၈ လုံးပါဝင်ပြီး သီတဂူအဓိပတိ ဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ လမ်းညွှန်မှုဖြင့် ငါးကျမ်းပြန်ဆရာတော် ဒေါက်တာဓမ္မပိယက ပါမောက္ခချုပ်ပြုလုပ်ကာ IBEC ဆရာတော် အရှင် သောဘိတမှ ဦးစီးဆောင်ရွက်၍ တည်ဆောက်ခဲ့ပါသည်။