သဗ္ဗညုဆုတောင်းပြည့်စေတီတော်

Listing Description

သဗ္ဗညုဆုတောင်းပြည့်စေတီတော်သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့ မိုင်းဆတ်-မိုင်းပြင်းကားလမ်းဘေး ကျဒယ်ရွာတွင် တည်ရှိပါသည်။ မိုင်းဖုန်းဆရာတော်၏ အဓိဌာန်အရ တည်ထားသည့် သဗ္ဗညုဆုတောင်းပြည့်စေတီတော်ကြီးကို လွန်ခဲ့သော နှစ်ပေါင်း ၈၀၀ ခန့်သက်တမ်းရှိသည် သစ်ပင်ခြုံနွယ်များဖုံးလွှမ်းလျက်ရှိသော ရှေးဟောင်းအုတ်ပြားချပ်စေတီဟောင်း အုတ်ခုံအားငုံလျက် တည်ထားကိုးကွယ်ခဲ့သော စေတီတော်ကြီးဖြစ်ပါသည်။ စေတီတော်သည် ပလ္လင်တော် ၄၄ တောင်ပတ်လည်နှင့် ဉာဏ်တော်အမြင့် ၃၇ တောင်ရှိကာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ရွှေထီးတော်တင်လှူပူဇော်ပွဲကို အောင်မြင်စွာ ကျင်းပခဲ့ပါသည်။