တောင်နီတောင်

Listing Description

ရခိုင်ပြည်နယ် မာန်အောင်ကျွန်းတွင် တည်ရှိသည်။ တောင်တစ်ခုလုံး၏ မြေသားများသည် အနီရောင်ဖြစ်သဖြင့် ဒေသခံများက တောင်နီတောင်ဟု ခေါ်တွင်ကြသည်။ သဘာဝအလျောက် မြက်မွှေးပင်များ ပေါက်ရောက်လျက်ရှိပြီး တောင်ပေါ်တွင် ရပ်တော်မူဘုရား တစ်ဆူနှင့် ဗုဒ္ဓခြေတော်ရာတစ်စုံကို ဖူးမြော်နိုင်ကာ ဒဏ္ဏာရီလာ ဟာနုမာန်မျောက်မင်းနှင့် ပတ်သက်သော ဟာနုမာန်ချောက်ကိုလည်း တွေ့မြင်နိုင်သည်။ ဘုရားဖူးသွားသောသူများသည် မြက်မွှေးများကို ယူဆောင်လာပြီး ဘုရားတင်လှူပူဇော်လေ့ရှိကြသည်။ မြက်မွှေးများသည် တစ်လလောက်ထိ မွှေးနေသည်ဟု သိရသည်။ တောင်အနီးတစ်ဝိုက်တွင် ဆေးဖက်ဝင်အပင်များစွာရှိသည်ဟု သိရသည်။ တောင်ထိပ်ပေါ်မှကြည့်လျှင် ရေပတ်လည်ဝိုင်းနေသော မာန်အောင်ကျွန်းအလှကို ကောင်းစွာ တွေ့မြင်ခံစားနိုင်သည်။