ထပ်အိမ်ဂူ

Listing Description

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ညောင်ရွှေမြို့အရှေ့ဘက် ၁ မိုင်ခန့်အကွာတွင် တည်ရှိသော သဘာဝထုံးကျောက်လိုဏ်ဂူ ဖြစ်ပါသည်။ ထပ်အိမ်ဂူတွင် တောင်ဘက်ဂူ၊ အလယ်ဂူနှင့် မြောက်ဘက်ဂူ သုံးခုရှိရာ တောင်ဘက်ဂူနှင့် အလယ်ဂူမှာ သေးငယ်၍ အနည်းငယ်ကျဉ်းမြောင်းပြီး မြောက်ဘက်ဂူသည်သာ ကျယ်ဝန်းပြီး ရှေးခေတ်စော်ဘွားများ တည်ထားခဲ့သော ဘုရားရုပ်ပွားတော်များနှင့် ယခုခေတ်လက်ရာ ရုပ်ပွားတော်များစွာကို ဖူးမြော်မြင်တွေ့နိုင်ပါသည်။