စိုးဘားဒိုင်

Listing Description

စာရေးဆရာစိုးဘားဒိုင်ကို အဖ ဦးဖချပ်နှင့် အမိဒေါ်ဦးသင်တိုမှ ထားဝယ်မြို့တွင် မွေးဖွားသည်။ ထားဝယ် အထက(၄)တွင် ဆယ်တန်းအောင်ပြီး ရန်ကုန်တက္ကသိုလ်မှ ရူပဗေဒ ဘာသာရပ်ဖြင့် ၁၉၈၆-ခုနှစ်တွင် ဘွဲ့ရသည်။ ၁၉၉၂-နိုဝင်ဘာလထုတ် ကြီးပွားရေးလမ်းညွှန် လစဉ်ထုတ် ဂျာနယ်တွင် FE SE နှင့် ကိုဘတီး သတင်းဝတ္ထုတိုဖြင့် စာပေလောကသို့ ဝင်ရောက်ခဲ့သည်။ Living Color မဂ္ဂဇင်းတွင် ကျောက်စိမ်းရောင်းဝယ်ရေး ဈေးကွက် အကြောင်းကို ကျောက်စိမ်းဈေးကွက် အမည်ဖြင့် သုံးနှစ်ကျော် လစဉ် ဆက်တိုက် ရေးသားခဲ့သည်။ အခြားကလောင်အမည်များမှာ အံစား၊ အသာနိုင် ဖြစ်သည်။ ချိန်သားကိုက် အမှတ်တမဲ့များ ဝတ္ထုတိုစု(၂၀၀၄) ပင်လယ်ကွန်ယက် ဝတ္ထုတိုများ(၂၀၀၅) ခေတ်ပြိုင်ရေးရာ စာဆောင်းပါးများ (၂၀၁၃) ဆင်တိုးလမ်း လူထုအခြေပြု နိုင်ငံရေးဆောင်းပါးများ(၂၀၁၄) ရေမျောကမ်းမဲ့ ပွဲတော် လုံးချင်းဝတ္ထု(၂၀၁၄) သဲနင်နေသော မြစ်ချင်းတွင်း(၂၀၁၅) ရှင်လင်းလက်နှင့် မိသားစုဟာ ကလေးတို့ကမ္ဘာ ကလေးဝတ္ထုတိုများ(၂၀၁၆) အပြင် အခြားစာရေးဆရာများနှင့် ဝတ္ထုတို စာအုပ်များ ထုတ်ဝေခဲ့သည်။ ဝတ္ထုတို ၁၅၀-ကျော် ရေးသားခဲ့သည်။ ဝတ္ထုရှည် ရသဆောင်းပါး ထင်မြင်ချက်နှင့် သုံးသပ်ဆောင်းပါးများ ရေးသားလျက် ရှိသည်။