ဆရာတော် ဦးဥတ္တမဘေးမဲ့ဒီရေတော

Listing Description

ရခိုင်ပြည်နယ် အမ်းမြို့၏တောင်ဘက် သံဇစ်မြစ်ဖျားရှိ ဧက ၂၀၀ ခန့်ကျယ်ဝန်းသည့် ဒီရေတောကို ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၉ ရက်တွင် ကျရောက်သော ဆရာတော် ဦးဥတ္တမနေ့၌ ဦးဥတ္တမဘေးမဲ့ဒီရေတောအဖြစ် ဒေသခံများက သတ်မှတ်ခဲ့ကြသည်။ ဘေးမဲ့ဒီရေတောကို ထိန်းသိမ်းစောင့်ရှောက်မည့် ကော်မတီကို ဒီရေတောနှင့် ၁၀ မိုင်အတွင်းရှိ ကျေးရွာ ၁၅ ရွာမှ ဆရာတော်ကြီး ၁၅ ပါး၊ ရပ်မိရပ်ဖ ၈၂ ဦးတို့ဖြင့် ဖွဲ့စည်းထားသည်။