စော်ကဲမြစ်ကူးတံတား ရာနှုန်းပြည့် တည်ဆောက်ပြီးစီး၊ တံတားခံနိုင်ဝန် စမ်းသပ်ဆောင်ရွက်

Listing Description

ရန်ကုန် ဒီဇင်ဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ် လမ်းကွန်ရက်အမှတ် (၁၀) ဘိုကလေး - မော်လမြိုင်ကျွန်း- ကျုံးမငေး - ဝါးခယ်မ မြောင်းမြကားလမ်း မိုင်တိုင်အမှတ် (၁၇/၀)စော်ကဲမြစ်ပေါ်၌ ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တံတားတည်ဆောက်ရေးအထူးအဖွဲ့ (၂)က တာဝန်ယူတည်ဆောက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်သဖြင့် တံတားခံနိုင်ဝန်အား စမ်းသပ် စစ်ဆေးလျက်ရှိသည်။

တံတားအရှည် မီတာ ၇၅၀ နှင့် အကျယ် ၉ ဒသမ ၅ မီတာ ရှိသည်။ တံတားအပေါ်ထည် ၉၀ မီတာ သံမဏိ၊ သံပေါင်၊ ၃၀ မီတာ ကြိုတင်အားဖြည့် သံကူကွန်ကရစ် ရက်မ၊ သံကူကွန်ကရစ် ကြမ်းခင်း၊ သံကူကွန်ကရစ် လက်ရန်း၊ တံတားအောက်ထည် သံကူကရစ် ၁ ဒသမ ၅ မီတာနှင့် ၁ ဒသမ ၂ မီတာ အချင်းရှိ သံကူကွန်ကရစ် ဘိုးပိုင် တို့ဖြင့် တည်ဆောက်ထားပြီး လူသွားလမ်းအကျယ် တစ်ဖက်လျှင် ၁ မီတာ၊ ရေလမ်းကင်းလွတ်အမြင့် ပေ ၄၀၊ ရေလမ်းကင်းလွတ် အကျယ်ပေ ၂၄၀ ဖြစ်သည်။

တံတားစီမံကိန်းတန်ဖိုးမှာ(လျာထား) တံတား လုပ်ငန်းငွေကျပ် ၁၅၈၅၅ သန်း၊ ချဉ်းကပ်လမ်း မြေသား တာပေါင်ငွေကျပ် သန်း ၃၅၀၊ တံတားပေါင်နိုင်လွန်ကတ္တရာ ခင်း ငွေကျပ် ၂၉၅ သန်း စုစုပေါင်း ငွေကျပ် သန်း ၁၆၅၀၀ ဖြစ်ပြီး တံတားခံနိုင်ဝန်မှာ Designloading – Hs – 25 ဖြစ်သည်။

ခရမ်းစိုးမြင့်