ဆုအိမ့်စံ

Listing Description

သရုပ်ဆောင် ဆုအိမ့်စံကို ၁၉၉၄ ခုနှစ် မတ်လ ၂၂ ရက်တွင် ကချင်ပြည်နယ်၊ ဖားကန့်၌ ဦးထွန်းအောင်ကြည်၊ ဒေါ်ရင်ရင်သောင်းတို့မှ မွေးသည်။ မွေးချင်း ၅ ယောက်အနက် တတိယမြောက် ဖြစ်သည်။ အမည်ရင်း ဆုမြတ်သင်း ဖြစ်သည်။ ၂၀၀၇ ခုတွင် မိသားစုလိုက် ရန်ကုန်သို့ ပြောင်းလာခဲ့ပြီး အထက(၁) ဒဂုံ ၌ ပညာသင်ကြားခဲ့သည်။ ဒဂုံတက္ကသိုလ်မှ အဝေးသင်ဖြင့် botany မေဂျာ သင်ကြားခဲ့သည်။

သရုပ်ဆောင် လူမင်းနှင့် တွဲကာ စိတ်နှောင်ကြိုး ဇာတ်ကားကို ၂၀၁၅ ခုတွင် ရိုက်ကူးသည်။ ၂၀၁၆ ခုထွက် ညီထွဋ်ခေါင်၊ သွန်းဆက်တို့နှင့် ပါဝင်သရုပ်ဆောင်သည့် ရွာကိုပြန်ခဲ့ အာလူး ဇာတ်ကားမှာ သူမအား လူသိများစေသည့် ဇာတ်ကားဖြစ်ခဲ့သည်။ ထို့နောက် ဗီဒီယိုဇာတ်ကားများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

ပထမဆုံး ရုံတင်ကားမှာ ၂၀၁၆ ခုတွင် ရုံတင်သော လူမင်း၊ ခိုင်သင်းကြည်၊ ယုသန္တာတင်တို့နှင့် တွဲကာ ဒါရိုက်တာရာဇာဝင်းကို ရိုက်ကူးသည့် ဖေ့ဘွတ်ရွာ ဇာတ်ကားဖြစ်သည်။ ထို့နောက် ငါ့အကယ်ဒမီ၊ ဘော်ဘော်ကထော် ရုပ်ရှင်ကားကြီးများတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။