ဆေးဝါးတက္ကသိုလ် ရန်ကုန်

Listing Description

ဆေးဝါးတက္ကသိုလ်(ရန်ကုန်)သည် ရန်ကုန်တိုင်းဒေသကြီး မြောက်‌ဥက္ကလာပမြို့နယ် ဝေဘာဂီလမ်းတွင် တည်ရှိပြီး ဆေးဝါးသိပ္ပံပညာရှင်များမွေးထုတ်ပေးရာ တက္ကသိုလ်တစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်ရှိသော ဆေးဝါးတက္ကသိုလ်(၂)ခုအနက် တစ်ခုအပါအဝင်ဖြစ်ပါသည်။ ဆေးဝါးတက္ကသိုလ်(ရန်ကုန်)ကို မြန်မာနိုင်ငံတွင် ဆေးဝါးသိပ္ပံပညာရှင်များ မွေးထုတ်ပေးနိုင်ရန်အတွက် ၁၉၆၄ ခုနှစ်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ဆေးဘက်ပညာသင်ကျောင်းအဖြစ် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ၁၉၉၂ ခုနှစ်တွင် တက္ကသိုလ်အဆင့်မြှင့်တင်ခဲ့ပြီး ဆေးဝါးကျွမ်းကျင်တက္ကသိုလ် (institute of pharmacy) ဟူ၍ ဖွင့်လှစ်ခဲ့ပါသည်။ ၂၀၀၅ ခုနှစ်တွင် ဆေးဝါးကျွမ်းကျင်တက္ကသိုလ် (institute of pharmacy)မှ ဆေးဝါးတက္ကသိုလ်(University of Pharmancy) ဟူ၍ ပြောင်းလဲခဲ့ပါသည်။ ဆေးဝါးတက္ကသိုလ်(ရန်ကုန်)တွင် ၄ နှစ်ကြာသင်ကြားရသော ဆေးဝါးသိပ္ပံဘွဲ့ (BPharm)၊ ၂ နှစ်ကြာသင်ကြားရသော ဆေးဝါးဘွဲ့လွန် (MPharm)နှင့် သုံးနှစ်ကြာသင်ကြားရသော ဆေးဝါးပါရဂူဘွဲ့များ ပေးအပ်ပါသည်။ (ကမ္ဘာပေါ်ရှိ FDA (Food and Drug Administration) တိုင်းသည် ဆေးဝါးသိပ္ပံပညာရှင်များဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်သည်)