ဆေးတက္ကသိုလ်(မကွေး)

Listing Description

မကွေးဆေးတက္ကသိုလ် သည် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် တည်ရှိသည်။ မကွေးဆေးတက္ကသိုလ်ကို ၂၀၀၁ ခုနှစ် မေလတွင် မကွေးမြို့၌ ဖွင့်လှစ်ခဲ့သည်။ ရန်ကုန် - မန္တလေး (အနောက်ဘက်လမ်း) လမ်းမကြီးဘေးတွင် မကွေးမြို့မှ ရေနံချောင်းဘက်သို့ အထွက်တွင် တည်ရှိသည်။ မကွေးမြို့မှ (၆) မိုင်ခန့် ကွာဝေးသည်။ သင်တန်းကာလမှာ ၅ နှစ် ၊ အလုပ်သင် ၁ နှစ် စုစုပေါင်း ၆ နှစ်ကြာ တက်ရောက်ရသော ကျောင်းဖြစ်သည်။ ဆေးတက္ကသိုလ်(မကွေး)သည် Educational Commission for Foreign Medical Graduates က မြန်မာနိုင်ငံအတွင်း အသိအမှတ်ပြုသော ကျောင်း ၄ ကျောင်းအနက် တစ်ကျောင်းလည်းဖြစ်သည်။