ဆေးတက္ကသိုလ်(၂) ရန်ကုန်

Listing Description

ဆေးတက္ကသိုလ်(၂) ရန်ကုန်သည် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်‌ဥက္ကလာပမြို့နယ်၊ ဆ-ရပ်ကွက်၊ ခေမာသီလမ်းတွင် တည်ရှိပါသည်။ Educational Commission for Foreign Medical Graduates က မြန်မာနိုင်ငံအတွင်း အသိအမှတ်ပြုသော ကျောင်း ၄ ကျောင်းအနက်တစ်ကျောင်းလည်း ဖြစ်ပါသည်။ ၁၉၆၃ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်၌ မင်္ဂလာဒုံမြို့နယ်တွင် ဆေးကောလိပ်အဖြစ် စတင်တည်ထောင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်၏ မဟာဌာနတစ်ခုအဖြစ် စတင်ခဲ့သော်လည်း ၁၉၆၄ တွင် သီးခြား တက္ကသိုလ်(အင်စတီကျု)တစ်ခုအဖြစ် ကူးပြောင်းခဲ့ပါသည်။ ၁၉၇၃ ခု၊ အောက်တိုဘာ ၁ တွင် ပညာရေးဝန်ကြီးဌာနမှ ကျန်းမာရေးဝန်ကြီးဌာန၏ လက်အောက်သို့ ပြောင်းရွှေ့ခဲ့ပြီး ထိုစဉ်က ဆေးပညာဌာန (ယခု ဆေးသိပ္ပံ) ၏ လက်အောက်တွင် စီမံခန့်ခွဲခဲ့ပါသည်။ ၁၉၉၆ ခု၊ စက်တင်ဘာ ၂၅ တွင် တက္ကသိုလ်၏ တည်နေရာကို မင်္ဂလာဒုံတပ်နယ်မြေမှ မြောက်ဥက္ကလာပမြို့နယ်သို့ ပြောင်းရွှေ့ခဲ့ပါသည်။ ၂၀၀၅ ခုနှစ် ဇွန်လတစ်ရက်နေ့တွင် အင်စတီကျုမှ တက္ကသိုလ်အဆင့်သို့ မြှင့်တင်နိုင်ခဲ့ပါသည်။