ဆိပ်ဖြူမြို့နယ် ထန်းချောင်းကျေးရွာ၌ ၄၀၀ဗို့ ဓာတ်အားလိုင်းသွယ်တန်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

Listing Description

ဆိပ်ဖြူ နိုဝင်ဘာ ၈

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ထန်းချောင်းကျေးရွာတွင် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင် ကျေးရွာစီမံကိန်းရန်ပုံငွေမှ အတိုးရ ငွေဖြင့် ဒေသခံ ပြည်သူများ လျှပ်စစ်မီး အသုံးပြုနိုင်စေရန် ကျေးရွာတွင်း ၄၀၀ ဗို့အားလိုင်း လျှပ်စစ်မီးသွယ်တန်းခြင်း လုပ်ငန်းရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးကြောင်း မြို့နယ်ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးရဲမင်းအောင်က ပြောသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများ လျှပ်စစ်မီးအသုံးပြုနိုင် စေရေးအတွက် မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေမှ အတိုးရငွေကျပ် ၇ ဒသမ ၅ သန်း၊ လွှတ်တော်ရန်ပုံငွေ ကျပ် ၄ ဒသမ ၅ သန်း၊ ကျေးရွာပြည်သူ ထည့်ဝင်ငွေကျပ် ၃၄ ဒသမ ၂၁၈၃ သန်းတို့ဖြင့် အရှည်ပေ ၇၉၂၀ ကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနဝန်ထမ်းများ၏ နည်းပညာအကူအညီ၊ ကျေးရွာသူ/ ကျေးရွာသားများ ပူးပေါင်း ပါဝင်မှုတို့ ဖြင့် ဩဂုတ် တတိယပတ်က စတင်ဆောင်ရွက်ပြီး ယခုအခါ အဆိုပါ လုပ်ငန်း ၁၀၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါထန်းချောင်းကျေးရွာတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းကို ၂၀၁၆-၂၀၁၇ ခုဘဏ္ဍာနှစ်က စတင် အကောင်အထည် ဖော်ဆောင်ရွက် ခဲ့ပြီး ယခုပဉ္စမမြောက်စက်ဝန်းတွင် မြစိမ်းရောင် အတိုးရငွေဖြင့် ၄၀၀ ဗို့အားလိုင်း သွယ်တန်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးအောင် ဆောင်ရွက်နိုင်ပြီဖြစ်၍ အဆိုပါ ကျေးရွာရှိ အိမ်ခြေ ၁၁၂ အိမ်၊ လူဦးရေ ၅၂၄ ဦးတို့သည် အချိန်ပြည့် လျှပ်စစ်မီး သုံးစွဲနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

ဟေမာမြင့် (ကျေးလက်)