ပြည်လုံးပေါ်ဘိုးစိန်ကြီးဘုရား

Listing Description

ဧရာ၀တီတိုင်း‌ဒေသကြီး၊ ကျုံပျော်မြို့တောင်ဘက်အရပ်၊ ကျုံးမြို့ရိုးထောင့်အပေါ်တွင် တည်ရှိပါသည်။ ကောဇာသက္ကရာဇ် ၁၂၈၂ ခုနှစ်တွင် ကျုံပျော်မြို့ပေါ်ရှိ သမ္မာသင်္ကပ္ပအသင်းလူကြီးများမှ ဦးစီးကမ္မကထပြု၍ ကျုံးမြိုရိုးထောင့်အပေါ်နေရာတွင် ဘုရားရုပ်ပွားဆင်းတုတော်တစ်ဆူကို တည်ထားကိုးကွယ်ရန် ရှင်းလင်းဆောင်ရွက်ခဲ့ကြပါသည်။ ထိုအချိန်တွင် ဇာတ်မင်းသားဂရိတ်ဦးဘိုးစိန်အဖွဲ့သည်လည်း ယခုပြည်လုံးပေါ်ဘုရားကြီးကျောင်းတိုက်၊ သဒ္ဓမ္မဇောတိက တိုက်ကျောင်းနေရာတွင် ရွက်ဖျင်ရုံကြီးဖြင့် ကပြရန်ရောက်ရှိလာကြပါသည်။ မြေရှင်းလင်းနေမှုကို တွေ့ရှိရသော ဦးဘိုးစိန်မှ မိဘများ၏ဇာတိဌာနလည်းဖြစ်ပြီး မိမိငယ်စဉ်က နေထိုင်ခဲ့သောအရပ်လည်းဖြစ်သည့် ဤနေရာတွင် အမှတ်တရဖြင့် ဘုရားတစ်ဆူတည်လိုသောဆန္ဒ ရှေးယခင်ကတည်းက ရှိနှင့်နေသည့်အတိုင်း ယခုအခွင့်အခါ ကြုံကြိုက်လာသဖြင့် သမ္မာသင်္ကပ္ပအသင်းလူကြီးများနှင့် ညှိနှိုင်းတိုင်ပင်ကာ ဘုရားကြီးအား စတင်တည်ထားခဲ့ရာ သက္ကရာဇ် ၁၂၈၄ ခုနှစ်တွင် အနေကဇာတင်လှူခဲ့ပါသည်။ မင်းသားကြီးဦးဘိုးစိန် ဦးဆောင်လှူဒါန်းမတည်ထားသဖြင့် ဦးဘိုးစိန်ဘုရားဟုလည်း ခေါ်တွင်ကြပါသည်။ ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့တွင် ဦးဘိုစိန်၏ အငယ်ဆုံးသမီးဖြစ်သော ဒေါ်မြင့်မြင့်စိန်နှင့် သားသမီးများက ဘုရားကြီး၏ စိန်ဖူးတော်ကို ပြန်လည်ဆက်ကပ်လှူဒါန်းခဲ့ပါသည်။