ပုဗ္ဗသီရိမြို့နယ်၌ ယာယီမဲရုံ တည်ဆောက်ထားရှိမှုအခြေအနေများ ကြည့်ရှုစစ်ဆေး

Listing Description

နေပြည်တော် နိုဝင်ဘာ ၆

နေပြည်တော် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ယာယီမဲရုံတည်ဆောက်ထားရှိမှုကို ယမန်နေ့ နံနက် ၉ နာရီခွဲက နေပြည်တော်ကောင်စီဝင် ဦးညီထွန်းနှင့် တာဝန်ရှိသူတို့က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှင်းလင်းတင်ပြ

ထိုသို့ ကွင်းဆင်းစစ်ဆေးရာ ပုဗ္ဗသီရိမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်အောင် နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစန်းလွင်တို့က ပြည်သူများ ဘေးကင်းလုံခြုံစွာ ဆန္ဒမဲပေးနိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားမှုများနှင့် မဲရုံလုံခြုံရေး ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြခဲ့ကြ သည်။

မှာကြား

ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့် နေပြည်တော် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသိန်းထွေးတို့က ရွေးကောက်ပွဲကို စံငါးချက်နှင့်အညီ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များကို အထူးအလေးထား လိုက်နာဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း မှာကြားသည်။

မဲရုံပေါင်း ၇၉ ရုံ ဖွင့်လှစ်သွားမည်

ပုဗ္ဗသီရိမြို့နယ်တွင် ရပ်ကွက် ၁၇ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၈ အုပ်စုမှ အသက် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးခွင့်ရှိသူ မဲဆန္ဒရှင်စုစုပေါင်း ၉၇၇၈၇ ဦးရှိပြီး မဲရုံပေါင်း ၇၉ ရုံ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)