ပဲခူးမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ဆန္ဒမဲပေးမှု အောင်မြင်စွာကျင်းပ

Listing Description

ပဲခူး နိုဝင်ဘာ ၈

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးကို နိုဝင်ဘာ ၈ ရက် နံနက် ၆ နာရီမှစတင်၍ တစ်ပြည်လုံး အတိုင်းအတာဖြင့် ကျင်းပလျက်ရှိသည်။

ပဲခူးမြို့နယ်တွင်ကျေးရွာအုပ်စု ၁၀၆ အုပ်စုရှိပြီး မဲရုံပေါင်း ၂၀၆ ရုံရှိကာ ဆန္ဒမဲပေးခွင့်ရှိသူ စုစုပေါင်း ၄၁၂၆၃၁ ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးကို ဒီမိုကရေစီစနစ်ကျစွာ ဖြင့် ယနေ့ ညနေ ၄ နာရီတွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့သည့်အတွက် ပြည်သူများလွတ်လပ်စွာ ဆန္ဒမဲပြုထားသော ဆန္ဒမဲလက်မှတ်များကို ပွင့်လင်းစွာ ရေတွက်လျက်ရှိကြောင်း သိရသည်။

ဟိန်းထက်(ပဲခူး)