ပဲခူးမြစ်ကူးတံတား (မြို့ဦးကင်း) တည်ဆောက်မှု ရာနှုန်းပြည့်ပြီးစီး

Listing Description

ပဲခူး နိုဝင်ဘာ ၂၉

ပဲခူးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ သွားလာရေးအဆင်ပြေလွယ်ကူစေရန် ပဲခူး မြစ်ကူးတံတား(မြို့ဦးကင်း)တည်ဆောက်ရေး စီမံကိန်းအား ဆောင်ရွက်လျက်ရှိရာ ယခုအခါ တည်ဆောက်မှုလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း တံတား တည်ဆောက်ရေးစီမံကိန်း တာဝန်ခံ အင်ဂျင် နီယာထံမှ သိရသည်။

ပဲခူးမြို့ စိန်သာလျောင်းဘုရားလမ်းနှင့် သမိန်ဗရမ်းလမ်းအား ဆက်သွယ်သွားလာနိုင် သည့်လမ်းပေါ်၌ ပဲခူးမြစ်ကိုဖြတ်သန်း၍ ပဲခူးမြစ်ကူးတံတား (မြို့ဦးကင်း) အား တည် ဆောက်ထားခြင်းဖြစ်ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာ နှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ခွင့်ပြု ရန်ပုံငွေကျပ် ၁၇၅၇ ဒသမ ၇၉ သန်း အကုန် အကျခံတည်ဆောက်ထားကာ ဆောက်လုပ် ရေးဝန်ကြီးဌာန တံတားဦးစီးဌာနတည်ဆောက် ရေးအဖွဲ့(၃) တံတားအထူးအဖွဲ့(၉)မှ ဆောင် ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါတံတားတစ်ဖက် တစ်ချက်စီရှိ ချဉ်းကပ်လမ်းများပြီးစီးရေး အတွက် ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

အဆိုပါတံတားအရှည်မှာ ၅၁၈ ဒသမ ၄ ပေရှိပြီး လူသွားလမ်းအကျယ် တစ်ဖက်လျှင် ခြောက်ပေစီနှင့် ယာဉ်သွားလမ်းအကျယ် ၂၈ ပေ စုစုပေါင်း တံတားအကျယ်ပေ ၄၀ ရှိ သံကူ ကွန်ကရစ် တံတားဖြစ်သည်။ တံတားခန်းဖွင့် ဖွဲ့စည်းပုံအရ ပင်မတံတားတွင် မီတာ ၅၀ အရှည်ရှိသော သံကူကွန်ကရစ်ခုံးတစ်ခန်းနှင့် ချဉ်းကပ်တံတား တစ်ဖက်တစ်ချက်စီတွင် ၁၈ မီတာ အရှည်ရှိသော သံကူကွန်ကရစ်ရက်မ သုံးခန်းစီ ပါဝင်တည်ဆောက်ထားပြီး တံတား အုတ်မြစ်မှာ ၁ ဒသမ ၂ မီတာအချင်းရှိ သံကူကွန်ကရစ်လွန်တူးပိုင်အမျိုးအစားဖြစ်သည်။

တံတားကိုယ်ထည်မှာ သံကူကွန်ကရစ်ထိပ် အုပ်ကိုယ်ထည်ဖြစ်ပြီး တံတားအပေါ်ထည်မှာ သံကူကွန်ကရစ်ကြမ်းခင်းလက်ရန်း အမျိုး အစားဖြစ်ကာ တံတား၏ခွင့်ပြုယာဉ်အလေး ချိန်မှာ ယာဉ်တစ်စီးချင်း တန် ၆၀ ဖြစ်ပြီး တံတားအောက် ရေလမ်းကင်းလွတ် အကျယ် ၃၉ မီတာ နှင့် တံတားအောက်ရေလမ်းကင်း လွတ် အမြင့် ၃ မီတာရှိကြောင်း သိရသည်။

ယခုအခါ တံတားနှင့်တစ်ဆက်တစ်စပ် တည်းဖြစ်သော ရန်ကုန်-မန္တလေးလမ်းဟောင်း ပြင်စည်မီးပွိုင့်မှ ဆံတော်တွင်းလမ်းနှင့်ဆုံသည့် နေရာအထိ အရှည် ၃ မိုင်ခန့်နှင့် ဆံတော်တွင်း လမ်းမှ စိန်သာလျောင်းဘုရားလမ်း၊ ပဲခူး သနပ်ပင် လမ်းမကြီးအထိ အရှည် ၂ မိုင် ၆ ဖာလုံခန့်ရှိသော စုစုပေါင်းအရှည် ၅ မိုင် ၆ ဖာလုံခန့်ကို ကတ္တရာကွန်ကရစ်လမ်း(AC)လမ်းအဖြစ်ဆောင်ရွက်လျက်ရှိပြီး ပဲခူးသနပ် ပင် လမ်းမကြီးမှတစ်ဆင့် ရန်ကုန်-မန္တလေး လမ်းမကြီး ကလိလမ်းဆုံနှင့်ချိတ်ဆက်မည့်ပဲခူးမြို့ အရှေ့ဘက်မြို့ပတ်လမ်းကိုပါ လမ်းဦးစီးဌာနမှအကောင်အထည်ဖော်ဆောင်ရွက် နေကြောင်းလည်း သိရသည်။

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှစတင်၍ ပဲခူး မြစ်ကူးတံတား(မြို့ဦးကင်း)တည်ဆောက်ရေး စီမံကိန်းအား လုပ်ငန်းများစတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မကြာမီကာလအတွင်းတံတား ဖွင့်လှစ်ပြီဆိုပါက ပဲခူးမြို့တွင်း ယာဉ်ကြော ရှုပ်ထွေးပိတ်ဆို့မှုများ လျော့နည်းလာမည်ဖြစ် ကာ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း လာစေမည်ဖြစ်၍ ကုန်စည်စီးဆင်းမှုများ ပိုမို မြန်ဆန်လာစေရန်အတွက် အထောက်အကူ ပြုစေမည့်တံတားဖြစ်ကြောင်း ပဲခူးမြစ်ကူး တံတား(မြို့ဦးကင်း)တည်ဆောက်ရေးစီမံ ကိန်း လုပ်ငန်းခွင်မှ သိရသည်။

ပွင့်သစ္စာ