ပဒုမ္မာဗုဒ္ဓရုပ်ပွားတော်ပြတိုက်

Listing Description

ပဒုမ္မာဗုဒ္ဓရုပ်ပွားတော်ပြတိုက်သည် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ အင်ကြင်းအဝိုင်းအနီး၊ ရာဇသင်္ဂဟလမ်းမကြီးဘေးတွင် တည်ရှိသည်။ ပြတိုက်ကြီးသည် ပဒုမ္မာမိသားစုမှ တစ်ပိုင်တစ်နိုင်ဖွင့်လှစ်ပြသထားသည့် ပုဂ္ဂလိကပိုင်ပြတိုက်ဖြစ်ပါသည်။ အထပ်နှစ်ထပ်ဖြင့်ပြသထားသော ယင်းပြတိုက်ကြီးတွင် ကမ္ဘာ့နိုင်ငံမျိုးစုံတွင်ရှိသည့် ဗုဒ္ဓရုပ်ပွားတော်ပုံစံတူများကို အရွယ်အစားစုံလင်စွာ ဖူးမြင်လေ့လာနိုင်သည်။ မြန်မာနိုင်ငံ၏ ဒေသအလိုက် တွေ့မြင်ရသော ဘုရားဆင်းတော်များနှင့်ပုံစံတူရုပ်ပွားတော် အငယ်စားများအပြင် လူ့အသားအရေပုံစံကဲ့သို့ ထူးခြားစွာ ထုဆစ်ထားသော ရုပ်ပွားတော်များ၊ သရက္ခံ သစ်မွှေးသားအမျိုးမျိုးဖြင့် ထုဆစ်ထားသည့် ရုပ်ပွားတော်များ၊ ရှားပါးသည့် ကျွန်းနက်သားဖြင့် ထုဆစ်ထားသော ရုပ်ပွားတော်များ၊ ကျောက်စိမ်းဖြူဖြင့်ထုဆစ်ထားသည့် ရုပ်ပွားတော်များ၊ ရွှေသားအစစ်ဖြင့် ထုဆစ်ထားသည့် ရုပ်ပွားတော်များ၊ နာမည်ကျော် ဆရာတော်ကြီးများ၏ ပုံစံတူရုပ်တုများ စသည်တို့ကို လေ့လာတွေ့ရှိနိုင်သည်။ ထို့ပြင် Cubic Gems မှ နိုင်ငံအလိုက် တစ်နိုင်ငံလျှင် တစ်ရုပ်သာရောင်းချပေးသည့် ခရစ္စတယ်ရောင်စုံတောက်ပစီခြယ်ထားသော ဒေါင်းရုပ်ကြီးကိုလည်း ဤပြတိုက်ကြီးတွင် ခမ်းနားထည်ဝါစွာ မြင်တွေ့နိုင်ပါသည်။ ပြတိုက်ကြီးကို မည်သူမဆို လွတ်လပ်စွာ ဝင်ကြေးအခမဲ့ဖြင့် ဝင်ရောက်လေ့လာနိုင်ပြီး ဗုဒ္ဓဆင်းတုတော်များကိုလည်း လိုအပ်ပါက အခကြေးငွေဖြင့် ဝယ်ယူနိုင်ပါသည်။

#crd-thiha the traveller