ဖိုးကျားဆင်စခန်း

Listing Description

ဖိုးကျားဆင်စခန်းသည် ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် သာဂရ-ကိုးပင် ရိုးမဖြတ်ကျော် ကားလမ်း ၁၀ မိုင်ခန့်တွင် တည်ရှိပါသည်။ ဧက ၂၀ ကျယ်ဝန်းပြီး ၂၀၁၂ ခုနှစ်တွင် စတင်တည်ထောင်ပါသည်။ ဆင်စခန်းဝန်းထဲတွင် ဆင်စီးခြင်း၊ ဆင်အလှကြည့်ခြင်းများအပြင် အင်္ဂလိပ်ခေတ် ၁၈၉၈ ခုနှစ် ကတည်းက စိုက်ပျိုးခဲ့သည် သက်တမ်း ၁၀၀ ကျော် ကျွန်းပင်ကြီး များကိုလည်း လေ့လာနိုင်ပါသည်။