ကလောမြို့ အရှေ့မြို့ပတ်လမ်းတွင် တည်ရှိသည်။ သဘာဝကျောက်တုံးများနှင့် ကျွန်းသစ်များအသုံးပြု၍ တည်ဆောက်ထားသည့် နှစ်ထပ်တိုက်အိမ်ဖြစ်သည်။ ၁၉၁၈ ခုနှစ်ဝန်းကျင်တွင် တည်ဆောက်ခဲ့သည်။ ပိုင်ရှင်ဖြစ်သူ Henry Noel Whiting သည် အိမ်ထောင်မပြုခဲ့သော်လည်း ဗမာလူမျိုးသားတစ်ယောက် မွေးစားခဲ့သည်။ ထိုသူတွင် သားသမီး ၈ ယောက်ရှိပြီး ယင်းအိမ်အား အမွေဆက်ခံခဲ့သည်။