မြဝတီမြို့နယ်ရှိ မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲများ လာရောက်ပေးလျက်ရှိ

Listing Description

မြဝတီ နိုဝင်ဘာ ၈

၂၀၂ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ယနေ့တွင် ကျင်းပရာ မြဝတီမြို့ရှိ မဲရုံများတွင် ပြည်သူ များ ပျော်ရွှင်စွာဖြင့် ဆန္ဒမဲများ လာရောက်ပေးကြသည်။

ညွှန်ကြားချက်နှင့်အညီ

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလတွင် ကျင်းပရခြင်းကြောင့် မဲရုံတာဝန်ထမ်းဆောင်ကြသူများ နှင့် ဆန္ဒမဲလာရောက်ပေးကြသည့် ပြည်သူများအနေဖြင့် လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြား ချက်နှင့်အညီ ဆောင်ရွက်လျက်ရှိသည်။

“အခုဒီနှစ်ကတော့ ကျန်းမာရေးညွှန်ကြားချက်တွေနဲ့ ပေးရတာပေါ့။ မဲပေးရတာ ပျော်ပါတယ်၊ ကျွန်တော်တို့ အနေနဲ့ တိုင်းပြည်အပေါ်၊ ပြည်သူလူထုအပေါ်၊ အဓိက အလေးထားပြီးတော့ ပြည်သူလူထုရဲ့အကျိုးကို ရေရှည် အတွက် စီမံကိန်းဆွဲပြီးတော့ လုပ်ပေးနိုင်မယ့် အစိုးရ၊ ပြည်သူလူထုရဲ့အကျိုးစီးပွား၊ နိုင်ငံရဲ့ ဖွံ့ဖြိုးရာဖွံ့ဖြိုးကြောင်း ကို တိုးတက်အောင်လုပ်ဆောင်နိုင်တဲ့ အစိုးရမျိုးကို လိုလား ပါတယ်” ဟု မြဝတီမြို့ အမှတ်(၅)ရပ်ကွက်ရှိ မဲရုံ(၁)တွင် ဆန္ဒမဲလာရောက်ပေးသူ ဆရာမိုးက ပြောသည်။

မဲရုံ ၈၃ ရုံ

မြဝတီမြို့နယ်အနေဖြင့် မဲရုံ ၈၃ ရုံနှင့် မဲဆန္ဒရှင်စာရင်း တစ်သိန်းခုနစ်သောင်းကျော်ရှိပြီး မဲရုံများကို နံနက် ၆ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်ခဲ့ကြသည်။

ထိန်လင်းအောင်(ပြန်/ဆက်)