မြသလွန်စေတီတော်

Listing Description

မြသလွန်စေတီတော်သည် မကွေးမြို့၏ မြို့လယ်မှ တစ်မိုင်ခွဲခန့်အကွာ ဧရာဝတီမြစ်ကမ်းဘေး နဂုတ္တမတောင်ကုန်းပေါ်တွင်တည်ရှိပြီး ရင်ပြင်တော်ပေါ်သို့ မော်တော်ကားနှင့် ဖြစ်စေ ၊ စောင်းတန်း အတိုင်း လမ်းလျှောက်၍ ဖြစ်စေ တက်ရောက် ဖူးမျှော်နိုင်ပါသည်။ လုံးတော်ပြည့်ရွှေချထားသည့် ဘုရားတစ်ဆူဖြစ်ပြီး မြန်မာနိုင်ငံရှိတန်ခိုးကြီးဘုရားများတွင် တစ်ဆူအပါအဝင်ဖြစ်သည်။ သမိုင်းအဆိုအရ မြသလွန်ဘုရားသည် ကဿပဘုရား၏ ရွှေသလွန်တော်နှင့် ဂေါတမမြတ်စွာဘုရား၏ မြသလွန်တော်တို့ကို ဌာပနာ၍တည်ထားသည်ဟု ဆိုပါသည်။ စေတီတော်၏ ထောင့်တွင် သာယာဝတီမင်းလက်ထက် ၁၈၄၆ ခုနှစ် အောက်တိုဘာ ၁၈ ရက်နေ့၌ မကွေးမြို့သူကြီး မောင်ရွှေပြည့် လှူဒါန်းထားသော သီရိဃဏ္ဍခေါင်းလောင်း ရှိပါသည်။