မိုးနိုင်းဆံတော်ရှင်စေတီတော်

Listing Description

မိုးနိုင်ဆံတော်ရှင်စေတီတော်သည် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်၏အရှေ့ဘက် ၁၅ မိုင်အကွာ ပိုင်ကျုံမြို့နယ်(ခွဲ) မိုးနိုင်းရွာ၏အရှေ့ဘက် ၆ မိုင်ခန့်အကွာတွင် တည်ရှိပါသည်။ မြတ်စွာဘုရားရှင်၏ ဆံတော်မြတ်တစ်ဆူကို ဌာပနာ၍ တည်ထားခဲ့သည်ဟု သိရပါသည်။ သက္ကရာဇ် ၁၃၂၆ ခုနှစ်တွင် စေတီတော်ကို ပြန်လည်ပြုပြင်၍ ထီးတော်အသစ် တင်လှူခဲ့ပါသည်။ စေတီတော်၏ ဉာဏ်တော်မှာ၂၆-တောင်၊ ထီးတော်အမြင့် ၁၂-တောင်၊ ထီးတော်အဝန်း ၃-တောင်၊ ပလ္လင်ခံမှ စိန်ဖူးတော်ထိ အတောင် ၄၀ -ရှိပါသည်။