မိုးမောက်မြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပ

Listing Description

မိုးမောက် နိုဝင်ဘာ ၈

ကချင်ပြည်နယ် မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့နှင့် လွယ်ဂျယ်မြို့များတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို ယနေ့ နံနက် ၆ နာရီမှ စတင်ကျင်းပရာ မဲပေးနိုင်သူ ၅၀၀၁၃ ဦး၊ မသန်စွမ်းမဲပေးနိုင်သူအရေအတွက် ၉၁၇ ဦးခန့်ရှိကြောင်း သိရသည်။

ဆောင်ရွက်လျက်ရှိ

မိုးမောက်မြို့နယ်အတွင်း မဲရုံ ၄၅ ရုံတွင် တာဝန်ကျမဲရုံဝန်ထမ်း ၈၀၆ ဦးဖြင့် ဆောင်ရွက်လျက်ရှိပြီး မဲဆန္ဒနယ်ပြင်ပ ကြိုတင်မဲစာရင်းမှာ ပြည်တွင်း ၁၂၃၈ ဦး၊ ပြည်ပ ၁၆ ဦး ရှိကြောင်း သိရသည်။

ယှဉ်ပြိုင်ရွေးချယ်

ဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီ ရှစ်ပါတီရှိပြီး ကိုယ်စားလှယ်လောင်း ၃၁ ဦးနှင့် တိုင်းရင်းသားကိုယ်စားလှယ်လောင်း ၂၉ ဦးတို့ ပါဝင်ယှဉ်ပြိုင်အရွေးချယ်ခံခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)