မိုးကောင်းမြို့အနီး၌ အများပြည်သူလည်ပတ်နိုင်သည့် ရေတံခွန်နှစ်ခု ရှာဖွေတွေ့ရှိ

Listing Description

မိုးကောင်း ဇန်နဝါရီ ၁၃
ကချင်ပြည်နယ် မိုးကောင်းမြို့အား ခရီးစဉ်ဒေသသစ် ဖော်ဆောင်လျက် ရှိရာ ဇန်နဝါရီ ၉ ရက်က မိုးကောင်းမြို့ အနီး၌ အများပြည်သူများ လည်ပတ် အပန်းဖြေစရာ နေရာဖြစ်လာမည့် ရေတံခွန်နှစ်ခုကို We Love Mo- gaung အဖွဲ့နှင့် ဒေသခံများပူးပေါင်း၍ ရှာဖွေဖော်ထုတ်ခဲ့ကြောင်း သိရသည်။
ခရီးစဉ်ဒေသသစ် ဖော်ဆောင် နေမှုနှင့်ပတ်သက်၍ We Love Mo- gaung အဖွဲ့ခေါင်းဆောင် ဦးဝင်းနိုင်က "ကျွန်တော်တို့အဖွဲ့ကို မိုးကောင်း ချစ်သူလူငယ်တွေနဲ့ ဖွဲ့စည်းထားတာ ပါ၊ ပထမဦးဆုံးဖော်ဆောင်ခဲ့တဲ့နေရာ က လွိုင်ဟင်းချယ်တောင် တိမ်ပင် လယ်၊ ဒုတိယနေရာက ခေါက်စန်း တောင်ကျောက်သင်္ဘော၊ အခုတတိယ နေရာအဖြစ် "နနတ်ရွာဟောင်း ရေ တံခွန်" နဲ့ "မန်ပင်နှစ်ထပ်ရေတံခွန်" တို့ပဲ ဖြစ်ပါတယ်။ အခုတွေ့ရှိခဲ့တဲ့ ရေတံခွန်ထက် ပိုပြီးလှပတဲ့ရေတံခွန် နှစ်ခုလည်း ရှိနေသေးတဲ့အတွက် ဆက်လက်ဖော်ထုတ်သွားမှာပါ" ဟု ပြောသည်။
ပေါ်လာခဲ့
အဆိုပါ ရေတံခွန်နှစ်စင်းမှာ ချုံနွယ်ပိတ်ပေါင်းများဖြင့် ဖုံးကွယ် ပိတ်ဆို့နေပြီး We Love Mogaung အဖွဲ့နှင့် ဒေသခံများမှ ခုတ်ထွင် ရှင်း လင်းခဲ့ရာမှ ပေါ်လာခဲ့ခြင်းဖြစ်ကာ "နနတ်ရွာဟောင်းရေတံခွန်"မှာ အမြင့် ပေလေးဆယ်နီးပါးရှိပြီး "မန်ပင် နှစ် ထပ်ရေတံခွန်" မှာလည်း ပထမအထပ် မှာ ပေ ၄၀ ခန့် အမြင့်နှင့် ဒုတိယ အထပ်မှာ ၂၅ပေခန့် အမြင့်ရှိကြောင်း သိရသည်။
အဆိုပါ ရေတံခွန်သည် မိုးကောင်း မြို့နယ်၊ လွဲလောကျေးရွာအုပ်စု၊ မန်ပင်ကျေးရွာအနီး၌ တည်ရှိပြီး မိုးကောင်းမြို့မှလေးမိုင်ခန့် ကွာဝေးကာ ရေတံခွန်သို့ သွားရောက်မည်ဆိုပါက မိုးကောင်းမြို့မှ မန်ပင်ကျေးရွာအထိ ကား၊ ဆိုင်ကယ်ဖြင့် သွားရောက်ရပြီး တောင်ခြေသို့ လယ်ကွင်းများကိုဖြတ် ကျော်ကာ လှည်းလမ်းအတိုင်းနာရီဝက် ခန့်လမ်းလျှောက် သွားရမည်ဖြစ် ကြောင်းနှင့် ဇန်နဝါရီ ၁၂ ရက်က လာ ရောက်လည်ပတ်သူများနှင့် စည်ကား လျက်ရှိကြောင်း၊ မြစ်ကြီးနား အခြေ စိုက်မြန်မာ့ရုပ်မြင်သံကြား (MRTV) တိုင်းရင်းသား အစီအစဉ်မှလည်း မှတ်တမ်းများရိုက်ကူးသွားကြောင်း သိရသည်။ ဝင်းနိုင်(ကချင်မြေ