မန္တလေးနန်းတွင်းမှ တော်ဝင်သင်္ချိုင်း

Listing Description

မန္တလေးမြို့ နန်းတော်ဝင်းအတွင်း တည်ရှိသည့် အုတ်နန်းပြဿဒ်များမှာ -

(၁) သီပေါမင်း၏မယ်တော် လောင်းရှည်မိဖုရား ကျွန်းပြဿဒ် (လောင်းရှည်မိဖုရား၏ရုပ်အလောင်းကို မီးသင်္ဂြိုလ်သည့်နေရာ၌ အထိမ်းအမှတ် တည်ဆောက်ထားသော ပြဿဒ်ဖြစ်သည်။ မိဖုရားကြီး၏အရိုးများကို ဧရာဝတီမြစ်အတွင်းသို့မျှောခဲ့သည်။)

(၂) မင်းတုန်းမင်း၏ မိဖုရားကြီး ဆင်ဖြူမရှင် အုတ်နန်းပြဿဒ် (ဆင်ဖြူမရှင်၏ ရုပ်အလောင်းကို ကင်းဝန်မင်းကြီးဦးကောင်းနှင့် ဆွေတော်မျိုးတော်များစုပေါင်း၍ သလွန်နှင့်တကွ ထီးဖြူတော် လေးလက်စိုက်မိုး၍ သင်္ဂြိုလ်ခဲ့သည်)

(၃) မင်းတုန်းမင်း၏ အုတ်နန်းပြဿဒ် (မင်းတုန်းမင်း၏ ရုပ်အလောင်းနှင့်တကွ သလွန်တော်ပါထားရှိပြီး ထီးဖြူတော် ၈ လက်စိုက်မိုး၍ သင်္ဂြိုလ်ခဲ့သည်)

(၄) ရွှေဘိုမင်း (သာယာဝတီမင်း) ၏ မိဖုရားခေါင်ကြီး ကျပင်းမိဖုရားကြီး၏ ကျွန်းပြဿဒ် (ကျပင်းမိဖုရားကြီး၏ ရုပ်အလောင်းကို မီးသင်္ဂြိုလ်သည့်နေရာ၌ အထိမ်းအမှတ် တည်ဆောက်ထားသော ပြဿဒ်ဖြစ်သည်။ မိဖုရားကြီး၏အရိုးများကို ဧရာဝတီမြစ်အတွင်းသို့မျှောခဲ့သည်။)

(၅) မင်းတုန်းမင်း၏ တောင်နန်းမိဖုရားကြီး ပြဿဒ်