မင်းမျှော်ရာဇာဘုရား

Listing Description

မင်းမျှော်ရာဇာဘုရားသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ မင်းအိုချမ်းသာဘုရား၏ မြောက်ဘက်၊ တောင်ဘီရွာအနီး၊ ညောင်ဦးသွားကားလမ်းမြောက်ဘက်တွင် တည်ရှိပါသည်။ မင်းမျှော်ရာဇာဘုရားသည် ကွမ်းဆော်မင်းလောင်းအား ပုဂံပြည်သူတို့ မြို့ထိပ်ထွက်၍ လာရောက်ကြိုဆိုကြသည့်နေရာတွင် ကျန်စစ်သားမင်းက အထိမ်းအမှတ်တည်ထားခဲ့သည်ဟု သိရပါသည်။ ကွမ်းတောင်ပေါက်တစ်ထပ်ဂူဘုရားဖြစ်ပြီး အပေါ်တက်ရန် ကြောင်လိန်လှေကားတစ်ခု ပါရှိပါသည်။ အတွင်းတိုက်ခန်းတွင် ရုပ်ပွားဆင်းတုတော်ကြီးတစ်ဆူရှိကာ တိုက်မအဝင် မုတ်တံကဲဝဲယာတွင် လောကနာထ အစောင့်နတ်တစ်ပါးစီရှိပါသည်။ မူလက နံရံဆေးရေးပန်းချီလက်ရာများ အပြည့်ရှိခဲ့သော်လည်း နှစ်ကာလကြာမြင့်ပြီဖြစ်၍ ယိုယွင်းပျက်စီးနေသည်ကို တွေ့ရပါသည်။