မောင်တင်မြ

Listing Description

စာရေးဆရာ မောင်တင်မြအား ၁၉၃၃ ခုနှစ်တွင် ကျိုက်လတ်မြို့နယ် ကရေချောင်း၊ လမုလေးကျေးရွာတွင် မွေးဖွားခဲ့သည်။ စစ်အတွင်း ကော့မှူးမြို့နယ်အပိုင် ကျိုက်တော်ရွာတွင် အခြေခံပညာ သင်ကြားခဲ့သည်။ ၁၉၅၁ ခုနှစ်တွင် တက္ကသိုလ်သို့ ရောက်ရှိခဲ့ပြီး ၁၉၅၆ ခုနှစ်တွင် ဘီအက်စ်စီ အောင်ခဲ့သည်။

ဆိုဗီယက်ပြည်ထောင်စုတွင် ၁၉၅၆ မှ ၁၉၆၁ ခုနှစ်အထိ ရုရှဘာသာ သင်ကြားခဲ့သည်။ ၁၉၆၁ ခုနှစ်မှ စ၍ ငွေတာရီ၊ ရှုမဝ၊ ဖြူနီညိုပြာနှင့် စန္ဒာ မဂ္ဂဇင်းတို့တွင် ဝတ္ထုတိုများ ရေးသားခဲ့သည်။ ရှုမဝတွင် စာအများဆုံး ရေးသားခဲ့သည်။ ၁၉၆၄ ခုနှစ်မှ ၁၉၈၂ ခုနှစ်အထိ လုပ်သားပြည်သူ့ (အင်္ဂလိပ်) တွင် အယ်ဒီတာ အဖြစ် အမှုထမ်းခဲ့သည်။ ယင်းအချိန်မှ စ၍ ဝတ္ထုများ စတင် ရေးသားခဲ့သည်။

ကိုလံဘို စီမံကိန်း ဗျူရို၏ ပြန်ကြားရေး အရာရှိ အဖြစ် သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့သို့ ၁၉၇၆မှ ၁၉၇၉ ခုနှစ်အထိ အမှုထမ်းခဲ့သည်။ ဥရောပနှင့် အာရှနိုင်ငံ အများအပြားသို့ ရောက်ခဲ့ဖူးသည်။ ပိုလန်၊ အနောက်ဂျာမဏီ၊ အရှေ့ဂျာမဏီ၊ အင်္ဂလိပ်၊ ပြင်သစ်၊ အမေရိကန်ပြည်ထောင်စု၊ တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ် ၊ အိန္ဒိယ၊ မော်လဒိုတ်ကျွန်းစု၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ ဟောင်ကောင်၊ ဂျပန်၊ နီပေါနှင့် ကိုးရီးယား ဒီမိုကရက်တစ် ပြည်သူ့ သမ္မတနိုင်ငံများသို့ ရောက်ရှိခဲ့သည်။ ကမ္ဘာသစ်တွင် ရက်ကိုးဆယ် စာအုပ်သည် စာရေးသူ၏ ပထမဦးဆုံး လုံးချင်း စာအုပ် ဖြစ်သည်။

ရေးသားခဲ့သည့် စာအုပ်များ

၁။ ကမ္ဘာသစ်တွင် ရက်ကိုးဆယ် ၁၉၈၃

၂။ အိမ်ပြန်ကြစို့ ဂျိမ်းရယ် ၂၀၀၂