လှော်ကားရေလှောင်ကန်

Listing Description

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်အတွင်း တည်ရှိပြီး မြေသားတမံအမျိုးအစားဖြစ်သည်။ ၁၉၀၀ ပြည်နှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၀၄ ခုနှစ်တွင် ပြီးစီးခဲ့သည်။ ကန်ရေ မျက်နှာပြင် ဧရိယာ ၄.၄ စတုရန်းမိုင်၊ ကန်ရေသောက် ဧရိယာ ၁၀.၅ စတုရန်းမိုင်ရှိပြီး ရေဂါလန် သန်းပေါင်း ၁၂,၀၀၀ သိုလှောင်ထားနိုင်ကာ ရန်ကုန်မြို့ထဲသို့ တစ်ရက်လျှင် ဂါလန် ၁၄ သန်းရေပေးဝေလျက်ရှိသည်။ လှော်ကားရေလှောင်ကန်မှရေကို ကမ္ဘာ့မြေဆွဲအားဖြင့် ရေလွှတ်ပေးပြီး ဖိုးစိန်ရေတွန်းစက်မှတစ်ဆင့် ရွှေတိဂုံဘုရားရေလှောင်ကန်သို့ ပို့ဆောင်ပြီး ပိုက်လိုင်းများဖြင့် ရန်ကုန်မြို့ကို ရေပေးဝေခြင်းဖြစ်သည်။

ဆက်စပ်ဖက်ရှုရန်