လာဗားချောင်းကူး တလန်လိုကြိုးတံတား

Listing Description

ချင်းပြည်နယ် ထန်တလန်မြို့နယ် တလန်ပီးကျေးရွာအုပ်စု တလန်လိုကျေးရွာတွင် တည်ရှိသည်။ ကြိုးတံတားမှာ အရှည် ပေ ၁၈ဝ၊ အကျယ် ၆ ပေ၊ အမြင့် ၁၁ ပေရှိပြီး UN-HABITAT ကုလသမဂ္ဂ၏ မြို့ရွာနှင့် အိုးအိမ်ပြန်လည် ထူထောင်ရေးအစီအစဉ်မှ တိုင်းရင်းသားမျိုးနွယ်စုများ နေထိုင်ရာဒေသရှိ ဆင်းရဲနွမ်းပါး၍ ထိခိုက်လွယ်သော ရပ်ရွာလူထုများအား အရေးပေါ်ကူညီထောက်ပံ့မှုစီမံကိန်းအရ ဂျပန်ပြည်သူပြည်သားများ ကူညီထောက်ပံ့မှုဖြင့် ကျေးရွာလူထု ဦးဆောင်ကာ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့တွင် စတင်ဆောက်လုပ်ခဲ့ပြီး နိုဝင်ဘာ ၁၃ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ယင်းလာဗားချောင်းကူးကြိုးတံတားကို စီမံကိန်းထောက်ပံ့ငွေ ကျပ် ၂၁၂၂၂ဝဝဝ၊ ကျေးရွာလူထုလုပ်အား တန်ဖိုးငွေကျပ် ၁၆၄၈ဝဝဝ ဖြင့် ဆောက်လုပ်ခဲ့သည်ဟု သိရသည်။