ကျော်စွာထက်

Listing Description

၁၉၅၇-ခုနှစ်တွင် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့၌ အဖ ဦးလှမောင်၊ အမိ ဒေါ်မမလေး တို့မှ မွေးဖွား ခဲ့သည်။ အမည်ရင်း တင်မောင်ညွန့်၊ ငယ်စဉ်က မြင်းမူမြို့ အစိုးရ အထက်တန်း ကျောင်းတွင် မူလတန်းမှ နဝမတန်း အထိလည်းကောင်း၊ ၁၉၇၆ ခုနှစ်တွင် မန္တလေးမြို့ အစိုးရ အထက်တန်း ကျောင်းတွင် တက္ကသိုလ် ဝင်တန်း အထိလည်းကောင်း ပညာသင်ကြားခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် မန္တလေး ဆေးတက္ကသိုလ်မှ ဆရာဝန်ဘွဲ့ ရရှိသည်။ ၁၉၇၈ ခုနှစ်ထုတ် ငွေတာရီ မဂ္ဂဇင်း ‘မဏိ ကျော်စွာထက်’ ကလောင် အမည်ဖြင့် ‘အခါနှင့် နံ့သာနှင့်’ ဝတ္ထုတို စတင် ဖော်ပြ ခံရပြီး မိုးဝေ စာပေ မဂ္ဂဇင်းတွင် ‘ကျော်စွာထက်’ အမည်ဖြင့် ‘နွေနေ’ ဝတ္ထုတို ရေးသားရင်း မဂ္ဂဇင်း များတွင် ဝတ္ထုတို ဆရာ ဖြစ်လာသည်။ ၁၉၈၉-ခုနှစ်တွင် ကျော်စွာထက် ဝတ္ထုတိုများ (၁)၊ (၂)၊ (၃)၊ (၄) နှင့် ၂၀၀၄ ခုနှစ်တွင် ‘ပြဿဒါး မလွတ်တဲ့ နေ့နှင့် တခြား ဝတ္ထုတို’ စာအုပ်များ ရေးသားထုတ်ဝေခဲ့သည်။