ကျောက်စာတည်ဖောင်တော်ဦးဘုရား

Listing Description

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ တီကျစ်မြို့၊ မြို့မကျောင်းတိုက်အတွင်း ကိန်းဝပ်စံပယ်လျက်ရှိပါသည်။ ဘုရားဆင်းတုတော်များမှာ အင်းလေးဖောင်တော်ဦးဘုရားများပုံစံ သဘာဝအတိုင်း တည်ရှိနေသော ဆင်းတုတော်ငါးဆူဖြစ်ပါသည်။ ထိုဆင်းတုတော်များကို သက္ကရာဇ် ၁၃၇၉ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၄ ရက်နေ့တွင် ကျောက်စာတည်အရပ်၌ စတင်တွေ့ရှိခဲ့ပြီး ထိုအရပ်၌ ၆၈ ရက်ကြာသီတင်းသုံးပူဇော်ခဲ့ပြီးနောက် ယခုလက်ရှိ မြို့မကျောင်းတိုက်သို့ ပင့်ဆောင်ပူဇော်ထားရှိခဲ့ပါသည်။