ကျောက်ပြဿာဒ်ဘုရား

Listing Description

ကျောက်ပြဿာဒ်ဘုရားသည် မန္တလေး- သပိတ်ကျင်း - မိုးကုတ်သွားလမ်း မိုးကုတ်မြို့အနီး ကျောက်ပြဿာဒ်ကျေးရွာတွင် တည်ရှိပါသည်။ သဘာဝအတိုင်း ပြဿာဒ်ပုံသဏ္ဌာန်တည်ရှိနေသော ကျောက်ဆောင်ကြီးပေါ်တွင် စေတီတော်တည်ထားပြီး ကျောက်ပြဿာဒ်ဘုရားဟူ၍ ဘွဲ့အမည်ခေါ်တွင် ကြပါသည်။ ထိုပြဿဒ်ပုံသဏ္ဌာန်ကျောက်ဆောင်ကြီးကို အစွဲပြု၍ အနီးရှိရွာကိုလည်း ကျောက်ပြဿာဒ်ကျေးရွာဟု ခေါ်တွင်ကြပါသည်။ ကျောက်ပြဿာဒ်ဘုရားရင်ပြင်သို့ ကျောက်ဆောင်ကြီးအား လှေကားအတိုင်း ကွေ့ပတ်၍တက်ရောက်ရပြီး ဘုရားရင်ပြင်တော်မှ မြင်ရသောရှုခင်း အလွန်သာယာလှပပါသည်။