ကိုးလုံးတကာဘုရား

Listing Description

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးပျော်ဘွယ်အနောက်ရပ်ကွက်၊ လမ်း ၉၀၊ ၃၀ နှင့် ၃၁ လမ်းကြား အကွက်(၂၆၃) တွင် တည်ရှိပါသည်။ ဘွဲ့တော်မှာ နိဗ္ဗာန်ဆိပ်ကူး ဖောင်တော်ဦး ဖြစ်သည်။ ကိုးလုံးတကာဘုရားမှာ မန္တလေးမြို့ မတည်မီကပင် တည်ရှိနေသောဘုရားဟု သိမှတ်ရပါသည်။ ခိုလှုံတကာဘုရား မှ ကိုးလုံးတကာဘုရား ဟု ခေါ်ဝေါ်လာကြကြောင်း မှတ်သားရပါသည်။