ကိုဗစ်အလွန် အပန်းဖြေနိုင်မည့် ကော့သောင်းမြို့နယ်ရှိ မလိဝမ်း သဘာ၀ရေတံခွန်နှင့် သဘာ၀ရေပူစမ်း

Listing Description

ကော့သောင်း    ဇန်နဝါရီ   ၁၆

ကိုဗစ်အလွန်ကာလ ကော့သောင်းမြို့နယ်ရှိ အပန်းဖြေစရာ မလိဝမ်း သဘာဝရေတံခွန်နှင့် သဘာဝရေပူစမ်းသို့ အပန်းဖြေလည်ပတ်နိုင်ရန် TZK ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကုမ္ပဏီက ရေတံခွန်နှင့် ရေပူစမ်းပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊  အပန်းဖြေအနားယူရန်နေရာများ၊ ဘန်ဂလိုအဆောက်အအုံများ၊  ခေတ်မီအသုံးအဆောင်ပစ္စည်းများနှင့်  သဘာဝအလှမပျက်ယွင်း စေရန် ဖန်တီးမွမ်းမံတည်ဆောက်ထားကြောင်း သိရသည်။

အဆိုပါနေရာများသို့ ယခင်ကာလများက  ဒေသခံပြည်သူများအပြင်    နိုင်ငံခြားခရီးသွား ဧည့်သည်များပါ အနားယူအပန်းဖြေလာရောက်ကြပြီး  ကိုဗစ်-၁၉အလွန်ကာလ ခရီးသွားလုပ်ငန်း များ ပြန်လည်ဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း သိရသည်။

မလိဝမ်းကျေးရွာသည် အိမ်ခြေ  ၁၀၀၀  ကျော်ခန့်ရှိပြီး ကျေးရွာပြည်သူများမှာ    မိရိုးဖလာ ဥယျာဉ်ခြံ၊  ရော်ဘာခြံ၊  လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုကြ ကြောင်းနှင့် ကော့သောင်းမြို့မှ  မြောက်ဘက်သို့   ပြည်ထောင်စုလမ်းမကြီးအတိုင်းသွားမည် ဆိုပါက ၂၅ မိုင်ခန့်အကွာတွင်ရှိကြောင်း သိရသည်။      ကျော်စိုး(ကော့သောင်း)