ကင်းစေတီတော်

Listing Description

ကင်းစေတီတော်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ နောင်ပိုအောင်ကျေးရွာတွင် တည်ရှိပါသည်။ သီရိဓမ္မာသောကမင်းကြီး ကောင်းမှု စေတီပေါင်းရှစ်သောင်းလေးထောင်တွင် တစ်ဆူအပါအဝင်ဖြစ်ပြီး မူလပထမတည်ထားသော စေတီမှာ ဉာဏ်တော် ငါးတောင်နှစ်မိုက်လေးသစ်မျှရှိသော စေတီတော်ဖြစ်ပါသည်။ ယခုလက်ရှိ ဖူးမြင်ရသော စေတီတော်မှာ မြန်မာသက္ကရာဇ် ၁၃၀၆ ခုနှစ်တွင် တောကျောင်းဆရာတော်၊ နောင်ပိုအောင်ရွာမကျောင်းဆရာတော် ဦးဆောင်၍ ဂိုဏ်းတွင်းသံဃာတော်များ၊ ရပ်ရွာဒါယကာ ဒါယိကာမများစုပေါင်း၍ မူလစေတီတော်မှ စ၍ ရေတွက်လျှင် ၅ ကြိမ်မြောက်အဖြစ် ဥာဏ်တော်မြှင့်ပြီး ပြုပြင် မွမ်းမံတည်ထားခဲ့သော စေတီတော်ြဖစ်ပါသည်။