ချင်းတွင်းတံတား(ဟုမ္မလင်း)

Listing Description

သက္ကယ်ကျင်းဖောင်းပြင် - ဟုမ္မလင်း - ခန္တီးလမ်း မိုင်တိုင် (၁၉၉၄) ဟုမ္မလင်း မြို့အနီးတွင် တည်ရှိပါသည်။ မြစ်အရှေ့ဘက်ကမ်းရှိ ဟုမ္မလင်းမြို့နှင့် ချင်းတွင်းမြစ် အနောက် ဘက်ကမ်း ကတ်သာကျေးရွာတို့ကို ဆက်သွယ်ပေးထားသည်။ ဟုမ္မလင်းမြို့မှ ဟုမ္မလင်း တံတားကို ဖြတ် သန်းပြီး အောင်ဇေယျ - ကတ်သာလမ်းမှ တမူးမြို့ အိန္ဒိယနယ်စပ်ထိ သွားနိုင်သည်။ ချင်းတွင်း တံတား(ဟုမ္မလင်း) မှာ သံမဏိသံပေါင်အမျိုးအစား နှစ်လမ်းသွား ကားလမ်း တံတားဖြစ်သည်။ ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။  တံတားအရှည် ၂၇၆၃ ပေ၊ အကျယ် ၂၈ပေရှိပြီး တစ်ဖက်လျင် ၃ ပေ အကျယ်ရှိ လူသွားလမ်း ၂ လမ်း ပါရှိသည့် သံကူကွန်ကရစ် ဘိုးပိုင်အုတ်မြစ်၊ သံမဏိသံပေါင်တံတားအမျိုးအစားဖြစ်ပြီး ငွေကျပ်၂၃၃၁၃ ဒသမ ၈ သန်းအကုန်အကျခံကာ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တည်ဆောက်ခဲ့သည်။

#ချင်းတွင်းမြစ်ကူးတံတား ဟုမ္မလင်းတံတား