ကော်နီ

Listing Description

၁၉၆၇ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် မွေးဖွားခဲ့သည်။ အမည်ရင်း ရတနာထွန်း ဖြစ်သည်။

ရန်ကုန်၊ မင်္ဂလာဒုံသို့ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး New Wave band တွင် နောက်ခံအဆိုတော် (ဟာမိုနီ) အဖြစ် စတင်လုပ်ကိုင်ခဲ့သည်။ အသက် ၁၆ နှစ်အရွယ်တွင် New Wave band ၏ ပင်တိုင်အဆိုတော်ဖြစ်လာပြီး ပထမဦးဆုံး တေးစီးရီးအယ်လ်ဘမ် “တာဇံ” ထွက်ရှိခဲ့သည်။ ချစ်မိသွားပြီ၊ ကိုကိုချစ်၊ တာဇံ၊ ပညတ်ချက်၊ ကိုကိုလို့မခေါ်တော့ဘူး စသည့် တေးသီချင်းများပါဝင်ပြီး “တာဇံ” နှင့် “ကိုကိုချစ်” တေးသီချင်းများမှာ လူကြိုက်များ ရေပန်းစားခဲ့သော သီချင်းများဖြစ်သည်။ ထို့နောက် ဒုတိယမြောက် တေးစီးရီး “နင်းဂျား” ထွက်ရှိခဲ့သည်။

၁၉၈၈ ခုနှစ်တွင် “ဒိုင်ယာနာ” တေးစီးရီးအယ်လ်ဘမ်ထွက်ရှိခဲ့သည်။

၁၉၈၉ ခုနှစ်တွင် “ကံကောင်းသူလေး” တေးစီးရီးအယ်လ်ဘမ်ထွက်ရှိခဲ့သည်။ ထို့နောက် ပျားရည်၊ ကောင်းကင်ခရီး၊ ဆုံချင်တယ်၊ အဓိပ္ပါယ်ရှိသောလူ၊ ဆေးရောင်စုံကော်နီ၊ အပြာရင့်ရင့်၊ သတ္တု (၁)၊ သတ္တု(၂)  စသည့် တေးစီးရီးအယ်လ်ဘမ်များ ဆက်တိုက်ထွက်ရှိခဲ့သည်။

အဆိုတော်ကော်နီသည် တေးသီချင်းပေါင်းများစွာကို သီဆိုခဲ့ပြီး ပုံပြင်၊ ဆေး၊ ရေစက်၊ အချစ်ရဲ့အမုန်း၊ ရှင်သန်ခြင်း၊ အတောင်ပံပါရင်မင်းဆီကို၊ အိပ်မက်လမ်း၊ နောက်ဆုံးအချစ်၊ ကိုကျောင်း၊ သံယောဇဉ်၊ ကိုကိုချစ်၊ ကိုယ်တွေ့မှတ်တမ်း စသည့် သီချင်းများမှာ နာမည်ကြီး တေးသီချင်းများဖြစ်သည်။