ကောင်းဒီတောင်

Listing Description

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့၏ အထင်ကရနေရာ တစ်ခုဖြစ်ပါသည်။ ညနေပိုင်းအချိန်များတွင် ဒေသခံများက နေဝင်ချိန်ကြည့်ရှုခြင်း၊ အားကစားပြုလုပ်ခြင်း၊ လေညှင်းခံခြင်းများ ပြုလုပ်လေ့ရှိသော တောင်ကုန်းတစ်ခုဖြစ်သည်။ တောင်ပေါ်တွင် ဆုတောင်းပြည့်ထိုင်တော်မူဘုရားကြီး၊ ပွင့်တယ်ဆုတောင်းပြည့်စေတီတော်၊ သစ္စာမေတ္တာရှင်စေတီတော်နှင့် ကောင်းဒီတောင်မူလစေတီတော်တို့ကိုလည်း ကြည်ညိုဖွယ်ရာ ဖူးမြော်မြင်တွေ့ရပါသည်။ ကောင်းဒီတောင်ကုန်းပေါ်မှ ကျောက်ပန်းတောင်းမြို့၏ သာယာလှပသော ရှုခင်းအလှကို ကောင်းစွာတွေ့မြင် ခံစားနိုင်ပါသည်။