Inle Horse Club (အင်းလေးမြင်းစီးကလပ်)

Listing Description

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်နှင့် မနီးမဝေးတွင် တည်ရှိပါသည်။ မြင်းစီး၍ တောင်တက်ခရီးသွားခြင်း၊ ကွင်းပတ်စီးခြင်းများကို မြင်းမစီးတတ်သူများအတွက်လည်း အဆင်ပြေစေရန် လမ်းညွှန်ပြသပေးသည်။ လူတစ်ယောက်၊ မြင်းတစ်ကောင်၊ သစ်ပင်တစ်ပင်နှုန်းအနေဖြင့်လည်း မြင်းစီးမည်ဆိုလျှင် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းသည့်အနေဖြင့် သစ်ပင်တစ်ပင်စိုက်ရပါသည်။ ပြည်တွင်း၊ ပြည်ပခရီးသည်များ အမြဲမပြတ် လာရောက်လည်ပတ်လျက်ရှိသော မြင်းစီးကလပ်တစ်ခုဖြစ်ပါသည်။