ဟိုလွိုင်ရေတံခွန်

Listing Description

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မောက်မယ်မြို့မှ ၅ မိုင်ခန့်အကွာ၊ ဟိုလွိုင်ကျေးရွာအနီးတွင် တည်ရှိပါသည်။ ရေတံခွန်သည် ရေစီးကြောင်း သုံးခုဖြင့် နွေ၊ မိုး၊ ဆောင်း သုံးရာသီလုံး အမြဲမပြတ် စီးဆင်းနေသော ရေတံခွန်ဖြစ်သည်။ ရေတံခွန်ဘေးပတ်လည်တွင် သစ်ပင်ပန်းပင်များစွာ ရှိသောကြောင့် သာယာလှပသည့် ရေတံခွန်တစ်ခုဖြစ်ပြီး စိုက်ပျိုးရေအတွက် ဒေသခံများ အဓိကအားထားရာ ရေတံခွန်တစ်ခုလည်းဖြစ်ပါသည်။