ဟိုက်ပါရေတံခွန်

Listing Description

ဟိုက်ပါရေတံခွန်သည် ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူးမြို့၏ အနောက်တောင်ဘက် ၁၂ မိုင်အကွာ ဟိုက်ပါကျေးရွာအနီးတည်ရှိသည့် အရှေ့တောင်အာရှတွင် အလှဆုံးရေတံခွန်ဖြစ်သည်။ ရေတံခွန်သည် အဆင့် ၁၁ ဆင့်ရှိပြီး ရေစီးအလွန် သန်ကာ ရေများမှာ အစိမ်းရောင်ကြည်လင်လျက်ရှိသည်။ မိုးတွင်းကာလတွင် ရေနောက်သည်။ ရေကျရာနေရာသို့ စက်လှေဖြင့်သွားရောက်ကြည့်ရှုနိုင်ပြီး ရေတံခွန်ငယ်များတွင် ရေချိုးရေကစားနိုင်ပါသည်။ ရေတံခွန်အနီးတွင် ကားရပ်နားစခန်းများ၊ ဈေးဆိုင်ခန်းများ တည်ဆောက်ပေးထားပြီး ခရီးသွားပြည်သူများအတွက် ရေကစားရန်ကောင်းသည့် ကန်ငယ်လေးများ၊ ရေတံခွန်အဆင့်ဆင့်လေးများနှင့် ဓါတ်ပုံရိုက်ရန်ကောင်းသော နေရာများရှိသည်။ ယခင်က လမ်းပန်းဆက်သွယ်ရေးမကောင်းသောကြောင့် လူသူအရောက် နည်းသော်လည်း ယခုအခါ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သဖြင့် အနားယူအပန်းဖြေသူများနှင့် စည်ကားလျက်ရှိသော ရေတံခွန်ဖြစ်သည်။