ဂန့်ဂေါမြို့နယ်၌ မဲရုံ ၁၈၃ ရုံရှိပြီး ဆန္ဒမဲပေးခွင့်ရှိသူ ၁၀၉၃၁၅ ဦးရှိ

Listing Description

ဂန့်ဂေါ နိုဝင်ဘာ ၉

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မြန်မာ နိုင်ငံတစ်ဝန်းလုံး၌ ယမန်နေ့ နံနက် ၆ နာရီမှ စတင်ကျင်းပ ခဲ့ရာ ဂန့်ဂေါမြို့နယ်အတွင်းရှိ မဲရုံ ၁၈၃ ရုံ၌ ညနေ ၄ နာရီတွင် မဲရုံများပိတ်သိမ်း၍ ဆန္ဒမဲပေးမှု အောင်မြင်စွာပြီးစီးခဲ့ကြောင်း သိရသည်။

မဲရုံများပိတ်သိမ်းပြီးချိန်တွင် နိုင်ငံရေးပါတီကိုယ်စား လှယ်များ၊ စောင့်ကြည့်လေ့လာသူများနှင့် မျက်မြင် သက်သေများရှေ့တွင် ပွင့်လင်းမြင်သာစွာ ဆန္ဒမဲ လက်မှတ်များ ရေတွက်လျက်ရှိပြီး ဂန့်ဂေါမြို့နယ် အတွင်း ဆန္ဒမဲပေးခွင့်ရှိသူ ၁၀၉၃၁၅ ဦးရှိရာ အသက် ၆၀ နှစ်အထက် ကြိုတင်ဆန္ဒမဲ ၂၀၀၁၇ ဦး၊ နိုင်ငံခြားကြိုတင် ဆန္ဒမဲ၊ တပ်ရင်းတပ်ဖွဲ့သုံးခုမှ ကြိုတင်ဆန္ဒမဲနှင့် ပုံစံ-၁၅ မဲဆန္ဒနယ်ပြင်ပကြိုတင်ဆန္ဒမဲ ၃၃၇ ဦးရှိကြောင်း သိရ သည်။

ထင်အောင်နိုင်(ဂန့်ဂေါ)