ဧရာဝတီတံတား (မကွေး)

Listing Description

မကွေးမြို့နှင့် မကွေးမြို့၏အနောက်ဘက် မင်းဘူးမြို့သို့ ဧရာဝတီမြစ်ကို ဖြတ်သန်းဆောက်လုပ်ထားသော တံတားတစ်စင်းဖြစ်သည်။ ၂၀၀၂ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် တည်ဆောက်ပြီးစီးကာ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ပင်မတံတားအရှည် ၆၉၆၉ ပေ၊ ချဉ်းကပ်တံတားအရှည် ၂၀၂၀ ပေ၊ စုစုပေါင်း တံတားအရှည် ၈၉၈၉ ပေရှိသည်။ ယာဉ်သွားလမ်း အကျယ် ၂၈ ပေ၊ လူသွားလမ်းအကျယ် တစ်ဖက်လျှင် ၆ ပေစီရှိပြီး တံတားအောက် ရေလမ်းကင်းလွတ်နယ်မြေ အကျယ် ၃၆၀ ပေ၊ အမြင့် ၅၇ ပေရှိသည်။ သံမဏိသံပေါင် တံတားအမျိုးအစားဖြစ်ပြီး ယာဉ်တစ်စီးချင်း တန် ၆၀ ဖြင့် ဖြတ်သန်းခွင့်ပြုထားသည်။

#ဧရာဝတီမြစ်ကူးတံတား (မကွေးတံတား)