ဧရာဝတီတံတား (ဒေးဒရဲ)

Listing Description

ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ် တို့ကို ဆယ်သွယ်ပေးထားသော ဧရာဝတီမြစ်ကူးတံတား တစ်စင်းဖြစ်သည်။ ၂၀၀၀ ပြည့်နှစ် ဇွန်လတွင် စတင်ဆောက်ခဲ့ပြီး ၂၀၀၃ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။ ပင်မတံတားအုတ်မြစ်မှာ ဘိုးပိုင်သံကူကွန်ကရစ် အမျိုးအစား၊ တံတားတိုင်များမှာ သံကူကွန်ကရစ် အမျိုးအစားနှင့် တံတားအပေါ်ထည်မှာ သံမဏိသံပေါင် အမျိုးအစား ဖြစ်သည်။ တံတားအရှည်မှာ ၄၀၈၈.၃ ပေ ဖြစ်ပြီး ၂၈ ပေ အကျယ်ရှိ နှစ်လမ်းသွားကားလမ်းနှင့် ၆ ပေစီကျယ်သော လူသွားလမ်းနှစ်ခု ပါရှိသည်။ ရေလမ်းကင်းလွတ်အကျယ် ၃၅၀ ပေ၊ ရေလမ်း ကင်းလွတ်အမြင့် ၃၆ ပေရှိသည်။ ယာဉ်တစ်စီးချင်းခွင့်ပြုအလေးချိန်မှာ ၆၀ တန် ဖြစ်သည်။ တံတားတည်ဆောက်မှု စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ်သန်းပေါင်း ၃၅၅၀ ဖြစ်သည်။

#ဧရာဝတီမြစ်ကူးတံတား (ဒေးဒရဲတံတား)