ဒီးဒုတ်ရေပြာအိုင်ရေတံခွန်

Listing Description

ဒီးဒုတ်ရေပြာအိုင်ရေတံခွန်သည် မန္တလေး- ပြင်ဦးလွင်လမ်း၊ အုန်းချောရွာ ၁၆ မိုင်လမ်းခွဲမှ ရဲရွာ (ရေအားလျှပ်စစ်ရုံ) ဘက် သွားသည့် လမ်းတွင် တည်ရှိပါသည်။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး လမ်းတလျှောက်တွင် ၆ မိုင်၊ ၇ မိုင် အပန်းဖြေစခန်းများ တည်ရှိသဖြင့် လာရောက်လည်ပတ် အပန်းဖြေသူများဖြင့် စည်ကားလျက်ရှိသော ရေတံခွန်ဖြစ်ပါသည်။ ဒီးဒုတ်ရေပြာအိုင်ရေတံခွန်သည် အဆင့် ၁၀ ဆင့်ရှိပြီး အဆင့်တိုင်းတွင် သဘာဝအတိုင်းဖြစ်ပေါ်နေသော ရေကန်များ၌ ရေကစားနိုင်ပါသည်။