အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)

Listing Description

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်သည် ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ အောင်ဇေယျလမ်း၊ အမှတ် ၂၆ တွင် တည်ရှိပါသည်။ ယခင်က ယဉ်ကျေးမှုတက္ကသိုလ်(ရန်ကုန်) အမည်ဖြင့် ၁၉၉၁ ခုနှစ်တွင် အမှတ်(၁၃၁)၊ ကမ္ဘာအေးစေတီလမ်း၊ ကမ္ဘောဇအဆောက်အဦးဝင်းအတွင်း ဖွင့်လှစ်ခဲ့ပါသည်။ ၁၉၉၆ ခုနှစ်၊ စက်တင်ဘာလ၊ ၁၈ ရက်နေ့တွင် ယခုလက်ရှိတည်ရှိရာနေရာသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်တွင် ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု၊ ရုပ်ရှင်နှင့် ပြဇာတ်ဟူ၍ ဌာနကြီး ၅ ခု ခွဲပြီး သင်ကြားပေးလျက်ရှိပါသည်။