အမွန်း

Listing Description

တေးရေး၊ တေးဆိုနှင့် သရုပ်ဆောင် အမွန်းကို ၁၉၉၁ ခုတွင် မြစ်ကြီးနားမြို့၌ မွေးသည်။ အမည်ရင်းမှာ လန်စစ်လမွန်း ဖြစ်သည်။ ဖခင်မှာ နှစ်ခြင်းဆရာဖြစ်ရာ ဘုရားကျောင်း၌ပင် ဂီတနှင့် ထိတွေ့ခဲ့သည်။

မော်ဒယ်အဖြစ် ခြေလှမ်းစရာ ၂၀၀၉ ခုနှစ်တွင် ရန်ကုန်၌ ကျင်းပသည့် ခရစ်စမတ်အလှမယ် (Miss Christmas Pageant) ပြိုင်ပွဲတွင် ပါရမီအရှိဆုံးဆု ရသည်။ အဆိုပါနှစ်တွင်ပင် ပြင်သစ်သံရုံးက ကျင်းပသည့် အလှပြိုင်ပွဲတွင်လည်း ဆုရခဲ့သေးသည်။

၂၀၁၀ ခုနှစ်တွင် ဩစတေးလျ အကပညာရှင် နီကိုးမေ (Nicole May) ကမကထပြုသည့် တိုင်းဂါးဂဲလ် (Tiger Girls) အဖွဲ့၏ လူသစ်စုပွဲသို့ ဝင်ပြိုင်ရာ ယှဉ်ပြိုင်သူ ၁၂၀ အနက်မှ ရွေးချယ်ခံရသူ ငါးယောက်အနက် တစ်ယောက် ဖြစ်လာသည်။

၂၀၁၁ ခုနှစ်တွင် အဖွဲ့၏ ပထမဆုံး စီးရီး တိုင်းဂါးဂဲလ်တို့နှစ် (Year of Tiger Girls) ကို ထုတ်ရာ မြန်မာတွင်သာမက နိုင်ငံတကာကပါ စိတ်ဝင်စားကြသည်။

ထုတ်ဝေသူနှင့် ဇာတ်သိမ်းပြီးနောက် အဖွဲ့ဝင်များက မီအန်မာဂဲလ် အမည်သို့ ပြောင်းသည်။ မြန်မာဂဲလ် ဟူသော ဝေါဟာရနှင့် သံတူယူခြင်းဖြစ်သည်။ အဖွဲ့ အမည်သစ်နှင့် ပထမဆုံးတေးစီးရီးဖြစ်သော မင်္ဂလာပါ (Welcome) ကို ၂၀၁၁ ခုနှစ်တွင် ထုတ် သည်။

၂၀၁၄ ခုနှစ်တွင် ပထမဆုံး တစ်ကိုယ်တော် တေးစီးရီး မင်းပေးတဲ့ အချစ် ကို ထုတ်ဝေသည်။

၂၀၁၈ ခုနှစ်၊ ကမ္ဘာ့ဖလား ဂုဏ်ပြုသီချင်းအဖြစ် ကိုကာကိုလာမှ ရွေးချယ်ထားသော အဆိုတော် ဂျေဆန် ဒရူလို (Jason Derulo) ၏ ကာလာ (Colors) သီချင်းကို အားတီနှင့် တွဲကာ မြန်မာနိုင်ငံအတွက် သီဆိုခဲ့သည်။

၂၀၁၈ ခုနှစ်တွင် ဒုတ္ထဝတီကိုလွန်၍ ဇာတ်ကား၌ သရုပ်ဆောင်သည်။

သင်ကိုယ်တိုင် ပြင်ဆင် ဖြည့်စွက်ရန်

Listing Review

2022-07-24 03:20:48

၂၀၁၂ ခုနှစ်တွင် ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်မှ ရုရှားဘာသာအထူးပြုဖြင့် ဘွဲ့ရသည်